JCL နိုင်ငံခြားဘာသာ ကျောင်း
JCL ပိုင် ကျောင်းသားအိပ်ဆောင် ၉ ဆောင်တွင် ကျောင်းသား ၆၀၀ ခန့် တစ်ပြိုင်နက် နေထိုင်နိုင်သည်။ ကျောင်းသားသစ်အားလုံး ၁ နှစ် နေထိုင်နိုင်သည်။(ဒုတိယနှစ်မှစ၍ အခန်းလွတ်အခြေအနေအရ ဆက်နေနိုင်သည်)။
အိပ်ဆောင်အားလုံးကို ကျောင်းမှ တိုက်ရိုက် စီမံခန့်ခွဲသည်။ ဆောင်တစ်ခုစီတွင် သီးသန့်တာဝန်ခံ ထားရှိပြီး ကျောင်းသားများ၏ ပညာတော်သင်ဘဝကို ဘက်စုံ ကူညီပေးသည်။
JCL သည် ကျိုတိုမြို့လယ်တွင် တည်ရှိသည်။ ကျောင်းပတ်ဝန်းကျင်တွင် သွားလာရေးအဆင်ပြေပြီး နေထိုင်ရေးအဆောက်အအုံများ ပြည့်စုံကာ လေ့လာမှုအတွက် သင့်တော်သော အလွန်တိတ်ဆိတ်သည့် ပတ်ဝန်းကျင် ဖြစ်သည်။ ကျိုတိုသည် နှစ်ပေါင်း ၁၂၀၀ ရှည်လျားသော သမိုင်းယဉ်ကျေးမှုရှိသည့် ဂျပန်သမိုင်းယဉ်ကျေးမှု၏ ဇစ်မြစ် ဖြစ်သည်။ ပညာသင်ရင်း ဂျပန်သမိုင်းယဉ်ကျေးမှု၏ လှပမှုကို အပြည့်အဝ ခံစားကြပါစို့။
ကျောင်းပတ်ဝန်းကျင်တွင် ခေဟန်ရထား၊ မြေအောက်ရထား၊ ခင်းတဲဆု၊ JR ရထား၊ ဘတ်စ်ကားစသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စုံလင်စွာရှိသည်။ ကျိုတို၏ ဗဟိုချက် ကျိုတိုဘူတာသို့ ၃ ဘူတာသာ ကွာသည်။
JCL သည် ဂျပန်ရောက်ပြီးနောက် ပညာတော်သင်ဘဝကို ချောမွေ့စွာ စတင်နိုင်စေရန် ဘက်စုံ ကူညီပေးသည်။ မိဘများလည်း စိတ်ချနိုင်ပါသည်။