JCL နိုင်ငံခြားဘာသာ ကျောင်း
သတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်လာသည့် ယနေ့ခေတ်တွင် ကျွန်ုပ်တို့သည် မိမိနိုင်ငံတွင် နေရင်းဖြင့် နိုင်ငံရပ်ခြားမှ အချက်အလက်အမျိုးမျိုးကို ရယူနိုင်လာပါပြီ။ ထို့ကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းသည် ယခင်ကလောက် ခက်ခဲမည် မဟုတ်တော့ပါ။
သို့သော် ပညာတော်သင်သွားခြင်းသည် နိုင်ငံရပ်ခြားခရီးသွားခြင်းနှင့် လုံးဝ ကွဲပြားပါသည်။ ကြိုတင်၍ မည်မျှပင် ဗဟုသုတ ရယူထားစေကာမူ ထိုနိုင်ငံ၏ ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုကာ ဗဟုသုတ ရယူရန်နှင့် ယဉ်ကျေးမှု・ဓလေ့ထုံးစံများနှင့် ရင်းနှီးလာရန် အခက်အခဲအမျိုးမျိုး ကြုံတွေ့ရပါသည်။
ကျွန်ုပ်တို့ JCL နိုင်ငံခြားဘာသာကျောင်းသည် အိပ်မက်များကို ပိုက်ထွေးလျက် ဂျပန်သို့ ပညာသင်လာသည့် လူငယ်များအား ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် ကူညီပေးသည့် ကျောင်း ဖြစ်ပါသည်။ သင်လည်း JCL နိုင်ငံခြားဘာသာကျောင်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာလိုပါသလား?
ကျောင်းအုပ်ကြီး
Shinji Hayashi
RECRUIT ・ အလုပ်ခေါ်စာ
ထို့အပြင် ကျောင်းသားများ၏ အိပ်မက်ကို အလေးအနက်ထား လက်တွဲပေးမည့်သူများကို အမြဲ စောင့်မျှော်နေပါသည်။ JCL တွင် အတူတကွ လုပ်ကိုင်ကြပါစို့။
ဆရာနှင့် ဝန်ထမ်း ခေါ်ယူနေပါသည် ဂျပန်စာ/သိပ္ပံ/အင်္ဂလိပ်စာ ဆရာ(အချိန်ပြည့်・အချိန်ပိုင်း)